ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ဇွန် ၁၁ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကျန်စစ်သား လမ်းပေါ်တွင် ဘိုဘိုမောင်(ခ)ဘိုဘို နှင့် မရူပ တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ည ၁၀ နာရီခွဲတွင် တောင်ကြီးမြို့၊ ရေအေး ကွင်းရပ်ကွက်၊ ပတ္တမြားလမ်းတွင် ကျော်ဟိန်း မောင်းနှင်လာသော Wish အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား