ဂျေရုဆလင် စက်တင်ဘာ ၈

ဓားစာခံများ  လွတ်မြောက်ရေး နှင့်    ဂါဇာဒေသ   လက်နက်ကိုင်ပဋိပက္ခပြီးစီးရေးအတွက် အစ္စရေးနှင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က    စက်တင်ဘာ ၇ ရက်တွင်ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့များ  ဂါဇာဒေသမှ ဆုတ်ခွာရေးနှင့် ဂါဇာဒေသအား ပါလက်စတိုင်းကော်မတီကအုပ်ချုပ်ရေး   စသည့်အချက်များကိုလည်း လိုလားကြောင်း   ၎င်းအဖွဲ့က ပြောကြားသည်။

အမေရိကန်၏ အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အဆိုပြုချက်များ ပါဝင်သည့်   အကြံပြုချက်များကို ရရှိထားပြီး တိုက်ခိုက်မှုရပ်စဲရေးဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း   ဟားမတ်စ်အဖွဲ့က ပြောကြားသည်။

 အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးက   ကြိုးပမ်းဆောင်ရွက်မည်ဟုယုံကြည်ကြောင်း ၎င်းအဖွဲ့က ပြောကြားသည်။  အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးအတွက် မိမိ၏စည်းမျဉ်းများကို သဘောတူကြောင်းနှင့် ဟားမတ်စ်ကလည်း တူညီသည့် သဘောထားရှိမည်ဟု ယုံကြည်ကြောင်း    အမေရိကန်သမ္မတ ထရမ့်က ပြောကြားသည်။

ယင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးက ဂါဇာမြို့အား သိမ်းမည့်အစီအစဉ်ကို ရုပ်သိမ်းမည်ဖြစ်ကာ ဓားစာခံများ အပြန်အလှန်လွှတ်ပေးရမည်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခပြီးစီးရေးကို သမ္မတထရမ့်၏ ရှေ့ဆောင်မှုဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ