ဓနုဖြူ      သြဂုတ်    ၂၆

ဧရာဝတီတိုင်းဒေသကြီး   ဓနုဖြူမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့်    မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော   မြို့နယ်စီမံခန့်ခွဲရေးနှင့်    အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ   အသက်(၁၇)နှစ်အောက်  အမျိုးသားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့  မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)