ရန်ကုန်    ဒီဇင်ဘာ   ၁၄

ဒီဇင်ဘာလ  လူထုအားကစား လမ်းလျှောက်ပွဲအဖြစ်   ရန်ကုန် ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်း   ရွှေတိဂုံခြေတော်ရင်း (ရွှေဂုံတိုင် ခုံးတံတားဘေး)ရှိ YOUTH International College (YIC)က စီစဉ်သည့် ပထမဆုံးအကြိမ် YIC-RUN 2025 ပြေးပွဲကြီးကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဒီဇင်ဘာအားကစားလ အထိမ်း အမှတ်အဖြစ်ကျင်းပသည့် YIC-RUN 2025 ပြေးပွဲသည် ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ အားကစားဝါသနာရှင်များ၏  ကျန်းမာရေးနှင့် ပညာရေးအတွက် လာမည့် ၂၀၂၆ နှစ်သစ်မှာ ခွန်အားသစ်၊ အခွင့်အလမ်းသစ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

နံနက် ၆ နာရီတွင် YIC Campus မှ စတင်တာလွှတ်ပြီး  ကန်တော်ကြီးရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံအထိ အသွားအပြန် စုစုပေါင်း ငါးကီလိုမီတာ  ပြေးလမ်းကြောင်းအတိုင်း  ဝင်္ကဘာလမ်းမှလှည့်ကာ YIC Campus သို့ ပြန်လည်ရောက်ရှိ၍ ပန်းဝင်ခဲ့ကြသည်။ 

ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပန်းဝင်သူများကို YIC ရဲ့ CEO & Founder  ဒေါက်တာ ဇော်လင်း၊  Co-Founder   & Director ဒေါက်တာယဉ်သူအေးနှင့် ဆရာ ဆရာမများ၊ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ယင်းပြေးပွဲသို့ YIC ကျောင်းသား ကျောင်းသူများအပြင်  မိဘအုပ်ထိန်းသူများနှင့် ပြင်ပမှ အားကစား ဝါသနာရှင်များအပါအဝင်    အားကစားသမားပေါင်း တစ်ရာခန့် တပျော်တပါးဆင်နွှဲခဲ့ကြကြောင်း သိရသည်။  

ကိုဌေး