ဒီးမော့ဆို ၁၀ ဖေဖော်ဝါရီ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တရားမ၀င်ကုန်သွယ်မှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ထွီလွီးဘီလာ လုံခြုံရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှောင်တခင်စစ်ဆေးရာတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မြင့်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက မြို့နယ်အတွင်း တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်သွားလာခြင်း မရှိစေရေး ဒီးမော့ဆိုမှ ဘောလခဲသို့သွားသော မော်တော်ယာဉ် ၃၃ စီး၊ ဆိုင်ကယ် ၁၂၁ စီး၊ ဘောလခဲမှ ဒီးမော့ဆိုဘက်သို့လာသော မော်တော်ယာဉ် ၄၆ စီး၊ ဆိုင်ကယ် ၂၁ စီးတို့ကို ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်နေစဉ် ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


