ဒလ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သမ္ဘာန်ချောင်းကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယခရိုင်မှူး ဦးအောင်ကျော်နိုင်က ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်မြေ အသုံးချရေးတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)