ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

နေပြည်တော်  ၁၀  မေ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက်၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့် ပြမေးခွန်းများအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

mdn


    

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ အခြေခံပညာ ကျောင်းများတွင် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား သင်ကြားမည့် ဆရာ/ဆရာမများ၏ စာသင်ချိန် (၁)နာရီသင်ကြားမှုအတွက် တစ်လ ၃၀ဝ၀ဝ ကျပ်ဖြစ်၍ တစ်ရက်လျှင် ၁၀ဝ၀ ကျပ်သည် ခေတ်ကာလငွေတန်ဖိုးအရ မသင့်လျော်ပါသဖြင့် သင့်လျော်ရာနှုန်းထားသို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က တိုင်းရင်းသား ဘာသာစာပေသင်ကြားပို့ချသည့် ဆရာ/ဆရာမ (ပြင်ပ) များအား (၁)လလျှင် ငွေကျပ် ၃၀ဝ၀ဝ ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ညီညွတ်ပါက ငွေကျပ် ၃၀ဝ၀ဝ ဖြင့် ခန့်ထားသည့် ဆရာ၊ ဆရာမများအနက်မှ (Teaching Assistant) နေ့စားလပေးအဖြစ် ခန့်ထားပေးရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တိုင်းရင်းသား ဘာသာစာပေ သင်ကြားသည့် ဆရာ၊ ဆရာမများ၏ အခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားချိန်မှာ (၁) ရက်လျှင် (၁)နာရီဖြစ် ပါကြောင်း၊ ကျောင်းတက်ရက် (၅)ရက်အတွက် (၅)နာရီ (၁)လလျှင် သင်ကြားချိန် (၂၀)နာရီ  ဖြစ်သည့် အတွက် (၁)နာရီ အတွက် လုပ်အားခမှာ ငွေကျပ် (၁၅၀ဝ) နှုန်း ထောက်ပံ့ကြေး ချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိတွင် ပညာရေး ဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေ ရရှိမှုအခြေအနေအရ တိုင်းရင်းသားဘာသာ စာပေ သင်ကြားသည့် ဆရာ၊ ဆရာမ များအား ပေးအပ်သည့် ချီးမြှင့်ငွေအား တိုးမြှင့်သတ်မှတ် ပေးရန် အစီအစဉ် မရှိသော်လည်း Teaching Assistant ပိုမိုခန့်ထားပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေ ကြားသည်။
    

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး ၏ KG + 12 စနစ်ပညာရေးအောင်မြင်နိုင်ရေးအတွက် KG စာသင်ခန်းများ အဆင့်မြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ အလုံအလောက်ထောက်ပံ့ခြင်း၊ ဆရာ/ဆရာမများအား လုံလောက်သော သင်တန်းများနှင့် အခွင့်အလမ်းများ ပေးအပ်ခြင်းနှင့် မိဘ၊ ဆရာ/ဆရာမ များအား လက်ရှိအခြေအနေထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကျောင်းတိုင်းတွင် ပညာရေးဆွေးနွေးပွဲများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က KG အတွက်လိုအပ် သည့် သင်ထောက်ကူ ပစ္စည်းများအတွက် KG Kits များထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ အလယ်တန်းနှင့် အထက်တန်းအတွက်လည်း ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ၊ သိပ္ပံပစ္စည်းများ၊ ICT များကိုလည်း ခွင့်ပြုဘဏ္ဍာငွေအရ ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားစေရန်အတွက် (၂)နှစ်သင် ပညာရေးကော လိပ်အားလုံးကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း။

    

ကျောင်းသားများ၊ ဆရာများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာမသုံးစွဲရေး၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံ အသိပညာပေးရေး၊ မျိုးဆက် ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးနှင့် ဂိမ်းစွဲလမ်းမှု ပပျောက်ရေးတို့ အတွက် လည်း ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

     

ထို့ပြင် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍လည်းကျောင်းသား၊ ကျောင်း သူများအားလုံး ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲ၍ ကျောင်းမထွက်ရေး၊ တတိယ တန်းပြီးပါက စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရေး၊ သင်ယူတတ်မြောက်မှု အရည် အသွေးကောင်းမွန်၍ တစ်သက်တာ သင်ယူရေး၊ တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်း ဆောင်ရွက်တတ်သော တီထွင်ကြံဆ ဖန်တီးနိုင်စွမ်းရှိသည့် လူသားကောင်းများဖြစ် ရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
    

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ် ၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက် (၁၃)၊ နန်းဖာလုံ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)အတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပေ(၁၄၀x၃၀) Steel Structure (၂)ထပ် အဆောင်သစ် ဆောက်လုပ်ပေးပြီး သစ္စာဆောင်ကို အန္တရာယ် ဆောင်သတ်မှတ်၍ ဖျက်သိမ်းပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည် ထောင်စုဝန်ကြီး က နန်းဖာလုံအခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျောင်း ဆောင် (၅)ဆောင်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၃၁)ဦး ရှိပြီး သစ္စာဆောင်သည် အန္တရာယ်ရှိကျောင်းဆောင် ဖြစ်သည့်အတွက် ပေ (၉၀x၃၀) အုတ် ညှပ် (၁)ထပ် (၁)ဆောင်ကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း။

 

လိုအပ်နေသည့် ပေ(၁၄၀x၃၀) Steel Structure  (၂)ထပ် ကျောင်းဆောင်သစ် (၁)ဆောင်တိုးချဲ့ဆောက်လုပ်နိုင်ရန် လိုအပ်နေသည့် ရန်ပုံငွေ ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်တွင် ခွဲဝေ ရရှိရန်အတွက် ဦးစားပေးအလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်းလျာထားပါကြောင်းနှင့် ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
    

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင် ၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း အုတ်ကျင်းအား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မိုးညှင်းအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် အဆိုပါ ကျောင်းအတွက် RC (၂)ထပ်ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး က လိုအပ်နေသည့် ကျောင်းဆောင်ရရှိရန်နှင့် ကျောင်းအမည်ပြောင်းလဲရန်တို့ အတွက် သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် မြို့နယ်၊ ခရိုင် ပညာရေးမှူးရုံးများ၏ ထောက်ခံ ချက်၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး အခြေခံပညာဦးစီးဌာနသို့ အမှု တွဲလွှဲပြောင်းတင်ပြပါက အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေး ကော်မတီထံသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ကျောင်းအမည်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
    

လိုအပ်နေသည့်ပေ (၁၄၀x၃၀) RCC (၂)ထပ် ကျောင်းဆောင်(၁)ဆောင် တိုးချဲ့ တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေအပေါ် မူတည်၍ ဦးစားပေး အဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်းလျာထားပါကြောင်းနှင့် ရန်ပုံငွေခွင်ပြု ချက်ရရှိပါက ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
    

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ အိုင်ဘူးရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရှိ အန္တရာယ်ရှိ ကျောင်းဆောင် အဆောင်(၂) အား ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ထန်တလန်မြို့နယ်၊ အိုင်ဘူးရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပျက်စီးနေသော အန္တရာယ်ကျောင်းဆောင် များအတွက် လိုအပ်နေသည့် ပေ (၁၄၀x၃၀) RC (၂)ထပ် ကျောင်းဆောင်သစ် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်တွင် ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေ အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်းလျာထား ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက် ရရှိပါက ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
    

ထို့နောက် ၂၀၁၉ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး တို့ ကဆွေးနွေးကြသည်။
    

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်