ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး တတိယနေ့ကျင်းပပြီးစီး

ဘားအံ  ၃  ဧပြီ

 

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက  ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄) ဦးမှ ကြယ်ပွင့်ပြ မေးခွန်း (၁၀)ခုကို မေးမြန်းခဲ့ကာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ဆက်လက်၍  ကရင်ပြည်နယ်၏ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ လျာထားချက် ငွေစာရင်းများ၊ ကရင်ပြည်နယ် အလတ်စားနှင့် အသေးစားလျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အပိုဒ်များအား တစ်ပိုဒ်ချင်းအလိုက် အတည်ပြုရန် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြတဲ့အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော မြဝတီမြို့၊ စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်း တည်ဆောက်ရေး စီမံကိန်းနှင့် ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ မြေဧရိယာ (၉၂၈.၉၃) ဧကအနက်မှ ဧက (၁၀ဝ) အား လုံးချင်းအိမ်ရာစီမံကိန်း၊ ဧက(၂၀)အား တန်ဖိုးသင့်အိမ်ရာစီမံကိန်းတို့ကို အတည်ပြုရန် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြေညာခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)