ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

မန္တလေး ၃  ဧပြီ

           

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းဝေး စတုတ္ထနေ့ကို ယနေ့ နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

           

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် သာစည်မြို့နယ် မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း၊ ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတော်ကိုယ်စားလှယ် ဦးစိုးလွင်၊ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊  တံတားဦးမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦမင်းမင်းနီ၊ စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး တို့က ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။

           

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် " မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ "နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းခြင်း၊ လွှတ်တော်က မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

(ထွန်းထွန်းနိုင်)

 

1