ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးကျင်းပ

ပဲခူး ၂၇ မေ 

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူလွှတ်တော်ကိုယ်စားလှယ် ၇၆ဦးအနက် ၅၆ဦးတက်ရောက်သည်။

ထို့နောက် တက်ရောက်လာကြသောကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန် း(၇) ခု တင်သွင်းကြရာ သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးအုန်းမြင့်က လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းပြီး စက်မှုလျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ အစီရင်ခံစာ(၁/၂၀၁၉)ပါ အကြံပြုချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းပြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပဲခူးတိုင်းဒေသကြီး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် ဆက်လက်ကျင်းပမည့်နေ့ကို ပြောကြားခဲ့ကြောင်းသိရသည်။

ဟိန်းထက်(ပဲခူး)