နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာစကော့မာစီရယ်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံအရပ်ဖက်/စစ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအခြေအနေများ၊ အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် ဆိုင်ရာရည်ရွယ်ချက်နှင့် ရပ်တည်ချက်ဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် အမေရိကန်က ကြိုဆိုထောက်ခံမှုနှင့် ထုတ်ပြန်ချက်ကြေညာပြီး နောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်မှုနှင့် တိုးတက်မှု၊ ကချင်ပြည်နယ်တွင် IDP Camp များမှ နေရပ်စွန့်ခွာ ပြည်သူများအား မူလနေရာသို့ ပြန်လည်နေထိုင်နိုင်ရေး အစိုးရနှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် တပ်မတော်မှ အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသတွင် ARSA ESifh AA  အကြမ်းဖက်သောင်းကျန်းသူများ၏ ပြည်နယ်အတွင်း ဖျက်ဆီး၊ နှောင့်ယှက်မှုအပေါ် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား တပ်မတော်မှ စောင့်ရှောက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ် (CWC)အား မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

(သတင်းစဉ်)