နေပြည်တော် ၁၅  ဖေဖော်ဝါရီ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစီးအရာရှိ(စီမံ)များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/ ၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ဝန်ကြီးရုံး ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်ရန် နိုင်ငံခြားသို့ ပညာသင်လွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများသို့ တက်ရောက်ခြင်းတို့အပြင် အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အခြားဝန်ကြီးဌာနများမှ ပို့ချသည့်သင်တန်းများသို့ တက်ရောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ယခုသင်တန်းသည် စီမံခန့်ခွဲရေးဆိုင်ရာ ဦးစီးအရာရှိတစ်ယောက်အဖြစ် မိမိ၏ဌာနဆိုင်ရာ လုပ်ငန်းရပ်များတွင် သိရှိထားသင့်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် စသည့် အသိပညာပေးမှုများ နှင့်အတူ ဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးကို ရည်ရွယ်ပြီး ယခုမွမ်းမံသင်တန်းကို စီစဉ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို မည်သို့အသုံးချနေသည်ကို အချိန်တိုအတွင်း ရှင်းလင်းနားလည်သဘော ပေါက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိဘဝ တိုးတက်ရေးအတွက် အစဉ်လေ့ကျင့်သွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သူများဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန်၊ နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားရသည့် ဝန်ထမ်းများဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး ထူးချွန်သင်တန်းသား ၃ ဦးမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ခေါင်းဆောင်မှု အရည်အသွေးနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို ရှင်းလင်းတင်ပြကြသည်။

(သတင်းစဉ်)

 

mdn