နေပြည်တော်    ၁၅  ဖေဖော်ဝါရီ 
    

အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(MSME)နှင့် ကယားပြည်နယ် MSME အေဂျင်စီတို့ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်း တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် ကယားပြည်နယ် MSME အေဂျင်စီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားသည်။

 

123


ထို့နောက် MSME အေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကယားပြည်နယ် အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများ ရှိနေကြောင်း၊ အထူးသဖြင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ Contract Farming စနစ်ဖြင့် ပြောင်းစိုက်ပျိုးရေး၊ ရိုးရာအထည်နှင့် အမှတ် တရ လက်ဆောင်ပစ္စည်း ထုတ်လုပ်ရေး၊ ချဉ်ပေါင်ဖာလာစိုက်ပျိုးရေး၊ ပိုးပင်မွေးမြူရေး၊ ဂရင်း နိုက်မာဘယ်ကျောက် တန်ဖိုးမြှင့်ထုတ်လုပ်ရေး တို့သည့် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာ များရှိသဖြင့် ရေရှည်စီမံချက်ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ MSME လုပ်ငန်းများ ချေးငွေရရှိရန် ဗဟိုအေဂျင်စီမှ ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားသည်။

 

123


ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည့် ကယား ပြည်နယ် MSME အေဂျင်စီ Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကူအညီပေးသည့် Strategy First Institute မှတာဝန်ရှိသူအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

မွန်းလွဲပိုင်းတွင် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ကုန်စစ် စင်တည်ဆောက်ထားရှိမှု ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား Sister Cities အဖြစ် ထူထောင်ထားသည့် မယ်ဟောင်ဆာနှင့် ကယားပြည်နယ် မြို့များအကြား ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။


(သတင်းစဉ်)