ရန်ကုန် ၂၄ ဖေဖော်ဝါရီ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဖေဖော် ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁)၊ ဘဏ်ခွဲ (၂)၊ဘဏ်ခွဲ (၃) တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား သက်ဆိုင်ရာဘဏ်များတွင် တွေ့ဆုံ၍ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့အတူ ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်မန်နေဂျာများအား ရန်ကုန်မြို့ရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်၌ တွေ့ဆုံ၍ ဘဏ်လုပ်ငန်းပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ နှစ်အဆက်ဆက် ကျန်ရှိသော ကြွေးကျန်များကိုစီမံချက်ဖြင့် ကောက်ခံ ရေးကိစ္စ၊ ဂျပန် နှစ်ဆင့်ချေးငွေနှင့် ပြည်တွင်းမြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေ ထုတ်ချေးလျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်စဉ်)


