ဧရာဝတီအသင်း၏ နိုင်ပွဲဆက်နေမှုကို အားကာသိပ္ပံအသင်း ရပ်တန့်

ရန်ကုန်   ဇူလိုင်   ၂၆

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) တတိယနေ့အဖြစ် ဧရာဝတီအသင်းနှင့် အား/ကာ သိပ္ပံအသင်းတို့ ဇူလိုင် ၂၅ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။

ယခုရာသီတွင် ခြေစွမ်းပိုင်းတိုးတက်လာသည့် အားကာသိပ္ပံအသင်းသည် ဧရာဝတီအသင်း၏ နိုင်ပွဲဆက်နေမှုကို ရပ်တန့်ကာ သရေတစ်မှတ်ခွဲယူခဲ့သည်။ သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရနေသည့် ဧရာဝတီအသင်းသည် ယခုရာသီတွင် ဂိုးပေါက်ပျောက်ဆုံးခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ခံစစ် မကစားဘဲ တိုက်စစ်ကစားခဲ့သဖြင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ နှစ်သင်းစလုံးရရှိသည့် ဂိုးသွင်းခွင့်များ ကို အသုံးမချနိုင်သဖြင့် ယခုရာသီ၏ ပထမဆုံး သရေပွဲနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။ ငါးပွဲစီ ကစားအပြီးတွင် ဧရာဝတီအသင်းက သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်၊ အား/ကာ သိပ္ပံအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ခုနစ်မှတ်ရရှိထားသည်။

ပွဲစဉ် (၅) လက်ကျန်ပွဲများအဖြစ် ဇူလိုင် ၂၇ ရက်တွင် မြဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ဇူလိုင် ၂၈ ရက်တွင် ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MNL