ငါန်းဇွန် ၁၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှ ကျေးရွာများတွင် ယခင်နှစ်များက မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် ယခုနှစ်တွင်လည်း မြစ်ကမ်းပါးနှင့် နီးစပ်စွာတည်ရှိသော ရွာသစ်ကျေးရွာအုပ်စု ထမင်းဆိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၏ ဦးဆောင်မှုဖြင့် ကမ်းထိန်းသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါကမ်းထိန်းသစ်ပင်များ စုပေါင်းစိုက်ပျိုးကြရာတွင် ကမ်းထိန်းသစ်ပင်များအဖြစ် ဗာတီဗာမြက် ပင် ၈၀၊ မအူ ပင် ၁၈၀၊ ကျူ/ကိုင်း အပင် ၉၀ဝ၊ စုစုပေါင်း အပင် ၁၁၆၀ ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ ကျေးရွာသားများ၊ စုစုပေါင်းအင်အား (၂၅၃) ဦးခန့် ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)


