ပခုက္ကူ  ၁၄  ဖေဖော်ဝါရီ   

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ဧရာဝတီတံထား(ပခုက္ကူ)တွင် လွန်ခဲ့သည့် လေးရက်ခန့်မှ စတင်ကာ တံတားအမှတ်အသား RP 21 အောက်တည့်တည့်တွင် တစ်ပေပတ်လည်ကျော် ကတ္တရာသားနှင့် အောက်ခံကျောက်သားများ ကွာသွားကာ တွင်းပေါက်ကြီးဖြစ်ပေါ်နေပြီး တံတားအောက်ရှိ ယက်မကြီးများနှင့် မြစ်ကြောင်းရှိသဲများပါမြင်နေရကြောင်း သိရသည်။

 

အဆိုပါဧရာဝတီတံတား(ပခုက္ကူ)သည် မြစ်ဧရာအနောက်ဘက်ခြမ်းနှင့် မြန်မာပြည်အရပ်ရပ်ရှိမော်တော်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ မိသားစုစီးကားများ၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များ ဆက်သွယ်ကူးလူးသွားလာနေသော အလွန်အချက်အချာကျသည့် တံတားဖြစ်ကာ ယခုအခါ  RP-21  အောက်တည့်တည့်တွင် တစ်ပေပတ်လည်ကျော်အပေါက်ကြီးပေါက်နေပြီး  ယာဉ်သွား/ယာဉ်လာများ  အလွန်အန္တရာယ်များနေကြောင်း ဖြတ်သန်းမောင်းနှင်သည့် ကုန်တင်ကားသမားများထံကသိရသည်။ အဆိုပါ ပခုက္ကူတံတားသည် တစ်ရက်လျှင်မော်တော်ယာဉ် အစီးရေ(၂၇၀ဝ)ကျော်ဖြတ်သန်းသွားလာနေပြီး မော်တော်ဆိုင်ကယ် (၃၀ဝ)ခန့်ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် ပွဲတော်ရှိသည့်ရက်၊ အခါကြီးရက်များဆိုလျှင် မော်တော်ယာဉ် စီးရေ ၃၂၀ဝ ကျော်ဖြတ်သန်းသွားလာလျက်ရှိကြောင်း ညောင်ဦးမြို့နယ်ဘက်ခြမ်းမှ တံတားဂိတ်မောင်းထံမှ သိရသည်။

 

222

 

ပခုက္ကူတံတားပေါ်တွင် မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များ တစ်နာရီမိုင်  (၃၀) ရေးထားသော်လည်း လိုက်နာခြင်းမရှိဘဲ မြေပြန့်လမ်းများအတိုင်းသာမောင်းနှင်နေကြပြီး တံတားကြီးအတွက်ရေရှည်တွင်ထိခိုက်လာနိုင်ကြောင်း မော်တော်ယာဉ်မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းသူများအနေဖြင့်လည်း တစ်နာရီမိုင်(၃၀)ရေးထိုးထားသည့် ဆိုင်းဘုတ်များအတိုင်းလိုက်နာစီးနင်းရန် လိုအပ်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ကုန်တင်ယာဉ်မောင်းနှင်သည့် ဦးဆန်းထွန်းကပြောပြသည်။

 

ယခု ကတ္တရာကြမ်းပြင်ပေါက်နေသည့် ဧရာဝတီတံတား(ပခုက္ကူ)ဘက်ခြမ်း RP-21 နေရာအားလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးပြုပြင်ပေးရန်လိုအပ်ကြောင်း ယာဉ်မောင်းများက ပြောပြသည်။


 မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

22