နေပြည်တော်   အောက်တိုဘာ   ၈

မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်ဖြစ်သည့် အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများ ဘောလုံးအားကစားကို ပိုမိုကစားခွင့်ရရှိရန် အကောင်အထည်ဖော်သွားမည့် FIFA Football for Schools (F4S) အစီအစဉ်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တို့  သဘောတူနားလည်မှုစာချုပ်   လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာ ၈ ရက်က  Hotel Max Nay Pyi Taw ၌ ပြုလုပ်သည်။

အခမ်းအနားတွင်  FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန  အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးဉာဏ်ဇော်ဦးတို့က လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် Football for Schools (F4S) အစီအစဉ်အတွက် အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ တာဝန်ရှိသူများက  သဘောတူနားလည်မှုစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကြသည်။                               

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF