ရန်ကုန် ဩဂုတ် ၁၄
FIFA-MFF ဖူဆယ် ယူ-၁၉ လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) ကို သြဂုတ် ၁၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ပွဲစဉ် (၁၈) တွင် YRG အသင်းက YCDC MHDT အသင်းကို လေးဂိုး-နှစ်ဂိုး၊ Royal Noka အသင်းက FFU မင်းမဟော်အသင်းကို လေးဂိုးပြတ်၊ Generations အသင်းက ဖူဆယ်ချစ်သူအသင်းကို ငါးဂိုး- နှစ်ဂိုး၊ Winner Soccer အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး VUC ULAD အသင်းနှင့် Pacific Sun Far အသင်းတို့ နှစ်ဂိုးစီသရေ၊ MIU အသင်းနှင့် JV အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ ပွဲစဉ် (၁၈) တွင် ဇယားထိပ်ဆုံးမှ Winner Soccer အသင်း၊ ဒုတိယနေရာမှ YRG အသင်းတို့ နိုင်ပွဲဆက်ခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာသည်။
ပွဲစဉ် (၁၈) အပြီးတွင် Winner Soccer အသင်းက ၄၂ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး YRG အသင်းက ၃၉ မှတ်၊ YCDC MHDT အသင်းက ၃၅ မှတ်၊ JV အသင်းက ၂၆ မှတ်၊ VUC ULAD အသင်းက ၂၄ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ၂၃ မှတ်၊ MIU အသင်းက ၂၂ မှတ်၊ Royal Noka အသင်းက ၂၁ မှတ်၊ Pacific Sun Far အသင်းက ၁၈မှတ်၊ Generations အသင်းက ၁၇ မှတ်၊ FFU မင်းမဟော်အသင်းက ၁၀ မှတ်ရထားပြီး ရွှေပြည်သာ ယူနိုက်တက်အသင်းက အမှတ်လျှော့ခံထား ရသဖြင့် -၆ မှတ်ဖြင့် ယှဉ်ပြိုင်နေရသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-MFF


