ရန်ကုန်     ဇူလိုင်     ၂၇

FIFA-MFF ယူ-၁၉ နှင့် ယူ-၁၆လူငယ် ဖူဆယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်(၁၅)ကို ဇူလိုင်  ၂၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ   MFF   ဖူဆယ်အားကစားရုံနှင့်    တောင်ဒဂုံအားကစားရုံ၌    ဆက်လက်ကျင်းပသည်။

အနိုင်ရရှိ

ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)  တွင် YCDC MHDT အသင်းက Pacific Sun Far အသင်းကို ခြောက်ဂိုး-ငါးဂိုး၊ YRG အသင်းက ဖူဆယ်ချစ်သူအသင်းကို ၁၁ ဂိုး-ငါးဂိုး၊ JV အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို    တစ်ဂိုး-ဂိုးမရှိ၊ Royal Noka အသင်းက Generations အသင်းကို လေးဂိုး-တစ်ဂိုး၊ Winner Soccer အသင်းက VUC ULAD အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ MIU အသင်းက FFU မင်းမဟော်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅) တွင် Kyaung Sayar Tharhtwe အသင်းက Pacific Sun Far အသင်းကို ငါးဂိုး-နှစ်ဂိုး၊ မလိခအသင်းက Avengers Junior အသင်းကို ငါးဂိုး-လေးဂိုး၊ Victoria အသင်းက SGF အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ Golden Boys အသင်းက ရွှေပြည်သာယူနိုက်တက် အသင်းကို ငါးဂိုး-တစ်ဂိုး၊ Jullniss အသင်းက TKA Star အသင်းကို ငါးဂိုး-တစ်ဂိုး၊ King Cobra အသင်းက FFU မင်းမဟော်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိသည်။ Kyaung Sayar Tharhtwe အသင်းသည် ဒုတိယနေရာမှ Pacific Sun Far အသင်းကို အနိုင်ကစားနိုင်သဖြင့် ထိပ်ဆုံးတွင် ၁၀ မှတ်အသာ ရမှတ် ၄၅ မှတ်ဖြင့် ပြတ်ပြတ်သားသားဦးဆောင်နေပြီး ပွဲစဉ်(၁၅) အပြီးတွင် Pacific Sun Far အသင်းက ၃၅ မှတ်၊  SGF အသင်းနှင့် Victoria အသင်းတို့က ၂၈ မှတ်စီ၊ Golden Boys အသင်းက၂၇ မှတ်ဖြင့် နောက်မှလိုက်နေသည်။ 

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF