စက်တင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေထဲမှာ ဂျာမနီအသင်း၊ စပိန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
ဂျာမနီအသင်းဟာ မြောက်အိုင်ယာလန်အသင်းကို သုံးဂိုး-တစ်ဂိုး နဲ့အနိုင်ရပြီး စပိန်အသင်းကတော့ တူကီယဲအသင်းကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကာ ဘယ်လ်ဂျီယံအသင်းက ကာဇက်စတန်အသင်းကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းနဲ့ တူကီယဲအသင်းတို့ပွဲစဉ်မှာ စပိန်အသင်းအတွက် သွင်းဂိုးတွေကို ပက်ဒရီကနှစ်ဂိုး၊ မာရီနိုက ဟက်ထရစ်နဲ့ ဖာရန်တောရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမား မာရီနိုဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ စပိန်အသင်းအတွက် သွင်းဂိုးခြောက်ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့် အဖွင့်နှစ်ပွဲလုံး အနိုင်ရပြီး ခြောက်မှတ်ရရှိထားတာဖြစ်ပါတယ်။
အခြားပွဲစဉ်တွေမှာတော့ ဘယ်လ်ဂျီယံအသင်းက ကာဇက်စတန်အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ဆလိုဗက်ကီးယားအသင်းက လူဇင်ဘတ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျော်ဂျီယာအသင်းက ဘူလ်ဂေးရီးယားအသင်းကို သုံးဂိုး-ဂိုးမရှိ၊ နယ်သာလန်အသင်းက လစ်သူရေးနီးယားအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ပိုလန်အသင်းက ဖင်လန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ မက်ဆီဒိုးနီးယားအသင်းက လီချန်စတိန်းအသင်းကို ငါးဂိုး-ဂိုးမရှိ စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


