နိုဝင်ဘာ ၁၂
တူကီယဲစစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ် C-130 တစ်စင်းသည် ဂျော်ဂျီယာ-အဇာဘိုင်ဂျန် နယ်စပ်အနီးတွင် ပျက်ကျခဲ့သည် ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်းများအပါအဝင် လူ ၂၀ လိုက်ပါသွားကြောင်းနှင့် အဇာဘိုင်ဂျန်မှပြန်လည်ထွက်ခွာပျံသန်းလာခြင်းဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုလေယာဉ်သည်ဂျော်ဂျီယာနယ်မြေတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းတူကီယဲမီဒီယာကဖော်ပြခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ မသိရှိိရသေးကြောင်း ဖော်ပြထားသည်။
ဂျော်ဂျီယာနှင့် အဇာဘိုင်ဂျန်အာဏာပိုင်များပူးပေါင်း၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အခင်းဖြစ်ပွားရာ နေရာတွင် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြား သတင်းရင်းမြစ်များက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


