အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၁၇)မှာ အာဆင်နယ်အသင်းက ဂျိုကာရက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၂၇ မိနစ်မှာ ဂျိုကာရက်စ်က ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူး ဂျိုကာရက်စ်ဟာ အခုပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီနောက်ပိုင်း စပို့တင်းအသင်းနဲ့ အာဆင်နယ်အသင်းတို့မှာ ရရှိခဲ့တဲ့ ပင်နယ်တီ သွင်းဂိုး ၁၉ ဂိုးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ရရှိခဲ့တာဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) အပြီးမှာ ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို နှစ်မှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


