ကိုင်ရို စက်တင်ဘာ ၁၈
အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ့ အယ်စီစီနှင့် စပိန်ဘုရင် ဖိလစ် ၆ တို့သည် ဂါဇာကမ်းမြောင် ဒေသ၌ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများပြန်လွှတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးအတွက် တောင်းဆိုခဲ့ကြသည်ဟု စက်တင် ဘာ ၁၇ရက်တွင် အီဂျစ်သမ္မတရုံးက ပြောသည်။
အယ်-အစ်တီဟာဒီယာ သမ္မတနန်းတော်၌ ကျင်းပသည့်တံခါးပိတ်ဆွေးနွေးပွဲတွင် ပါလက်စတိုင်းများကို အတင်းအကျပ်ဖိအားပေး၍ ရွှေ့ပြောင်းခိုင်းခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုကို ပို၍ဆိုးရွားစေပြီး ဥရောပသို့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများကို ပို၍ဆိုးရွားစေသည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ပြောသည်။
အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် စပိန်နိုင်ငံ၏ ထောက်ခံမှုကို အီဂျစ်သမ္မတက ချီးကျူးခဲ့သည်။ စပိန်ဘုရင် ဖိလစ် ၆ ကလည်း ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ပြန်လည်တည်ဆောက်ရေးအစီအစဉ် ပြင်ဆင်ခြင်းတို့အတွက် နှစ်နှစ်တာကာလအတွင်း အီဂျစ်၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခဲ့သည်။ စပိန်ဘုရင် ဖိလစ် ၆ နှင့် မိဖုရား လက်တီဇီယာတို့အား အီဂျစ်သမ္မတ အယ်စီစီက ဧည့်ခံပွဲဖြင့် တရားဝင်ကြိုဆိုခဲ့သည်။
စပိန်ဘုရင်၏ ယခုခရီးစဉ်သည် စပိန်ဘုရင်တစ်ပါးအနေဖြင့် အီဂျစ်သို့ ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက မက်ဒရစ်မြို့သို့ အီဂျစ်သမ္မတ စီစီ လာရောက်ပြီးနောက် နှစ်နိုင်ငံမဟာဗျူဟာ မြောက်ဆက်ဆံရေးကို မြှင့်တင်သည့်အနေဖြင့် အီဂျစ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ဆင်ဟွာ


