နိုဝင်ဘာ ၁၀

ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၃ ခုနှစ်က အစ္စရေးနှင့် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ထိုနယ်မြေတွင် သေဆုံးသူဦးရေ ၆၉၀၀၀ ကျော်ရှိလာကြောင်း ဂါဇာဒေသရှိကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ပဋိပက္ခဖြစ်ပွားမှုတွင် လူပေါင်း ၆၉၁၆၉ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၎င်းတို့အနက် ၂၄၁ ဦးသည် အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင်အခြေအနေတည်ငြိမ်မှုမရှိသေးကြောင်း ဖော်ပြထားသည်။ အောက်တိုဘာ ၁၀ ရက်နေ့က အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် ပုံမှန်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ် နေဆဲဖြစ်သည်ဟု သိရသည်။

ညှိနှိုင်းရေးမှူးများက ဂါဇာတောင်ပိုင်းရှိ အစ္စရေးထိန်းချုပ်ထားသော ရာဖာဒေသတွင် ပုန်းအောင်းနေသော ဟားမတ်စ်တိုက်ခိုက်ရေးသမား ၁၀၀ ကျော်အနေဖြင့် ၎င်းတို့၏လက်နက်များကို အပ်နှံပြီး ဂါဇာ၏ အခြားဒေသများသို့ ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အလဲအလှယ်လုပ်ရန်တောင်းဆိုသည့် အစီအစဉ်တစ်ခုကို အဆိုပြု ထားသည်ဟု ရိုက်တာနှင့်အခြားမီဒီယာများက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို