ဂျေရုဆလင် နိုဝင်ဘာ ၁၂
ဂါဇာမြောက်ပိုင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးထရပ်ကားများ ဝင်ရောက်ရန် ဇီကင်မ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း အစ္စရေးက ယနေ့ ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ နယ်စပ်ဖြတ်ကျော် အာဏာပိုင်အဖွဲ့က “လုံခြုံရေးစစ်ဆေးမှုများ”အပြီးတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဆောင်ရွက်မှုသည် နိုင်ငံရေးစံနှုန်းများကို လိုက်နာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ပွဲဒဏ်ကို ဆိုးရွားစွာထိခိုက်ခံစားရသောဒေသများသို့ ရိက္ခာများ ပိုမိုရောက်ရှိနိုင်စေရန် ဂါဇာမြောက်ပိုင်းရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီများက အစ္စရေးအား ကာလရှည်ကြာ တိုက်တွန်းထားသည်။
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးပို့ရာတွင် ပြင်းထန်သော အစ္စရေးလုံခြုံရေးစစ်ဆေးမှု များနှင့် ခွင့်ပြုထားသောကုန်ပစ္စည်းများအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများကြောင့် အဟန့်အတားဖြစ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကုန်တင်ကားများ နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးသည့်တိုင် ကျယ်ပြန့်သော အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် လုယက်ခြင်းအန္တရာယ်ကြောင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေရေးမှာ ခက်ခဲနေဆဲဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


