ဩဂုတ် ၂၆

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ခန်ယွန်နစ်မြို့ရှိ ဆေးရုံတစ်ခုအား အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် သတင်းထောက်များအပါအဝင် လူ ၂၀ ထက်မနည်းသေဆုံးကြောင်း ဂါဇာဒေသရှိကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါသေဆုံးသူများတွင် ရိုက်တာသတင်းဌာနနှင့် ကာတာအခြေစိုက် အယ်လ်ဂျာဇီးရာ ရုပ်သံလွှင့်ဌာနကဲ့သို့သော မီဒီယာများတွင် အလုပ်လုပ်နေသော  သတင်းထောက်လေးဦးတို့ပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေဆုံးခဲ့သည့် သတင်းထောက်ဦးရေ ၂၄၄ ဦးရှိလာသည်ဟု သိရသည်။

ထိုဒေသရှိ ဆေးရုံကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ဝန်ခံပြောကြားသည်။ အစ္စရေးတပ်ဖွဲ့က ယင်းတိုက်ခိုက်သည့်အကြောင်းရင်းကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း တိုက်ခိုက်ရခြင်း ရည်ရွယ်ချက်သည် ထိုဆေးရုံခေါင်မိုးပေါ်တွင် ဟားမတ်စ်တို့တပ်ဆင်ထားသည် စောင့်ကြည့်ကင်မရာကို ဖျက်ဆီးရန်ဖြစ်သည်ဟု အစ္စရေးမီဒီယာတွင် ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို