ဂန့်ဂေါ ၁၄  ဖေဖော်ဝါရီ 

 

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ နွေရာသီ ပန်းချီ၊ စစ်တုရင်၊ ပုံပြင်ပြောသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ဂန့်ဂေါမြို့၌ လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ထားရှိသည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်သည်။ 

 

082001

 

ဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အေးအေးက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်/ဆက်၏ BOOK CLUB ဥက္ကဌ ဦးအောင်စိုးမင်းက သင်တန်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ 

 

ပန်းချီသင်တန်းတွင် ၄၄ ဦး၊ ပုံပြင်ပြောသင်တန်းတွင် ၂၄ ဦး၊ စစ်တုရင်သင်တန်းတွင် ၄၀ ဦးတို့ တက်ရောက်ကြ၍ သင်တန်းကာလမှာ ရက်သတ္တ ၂ ပတ်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

MDN