တိုကျို    အောက်တိုဘာ   ၂၀

ဂျပန်အာဏာရ လစ်ဘရယ်ဒီမို ကရက်တစ်ပါတီသည် ဂျပန်တီထွင် ဆန်းသစ်မှုပါတီနှင့် မဟာမိတ်ဖွဲ့ ရန်သဘောတူခဲ့ကြောင်း  သိရသည်။

ယခု     ဆောင်ရွက်ချက်သည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့်  ကာလရှည် မဟာမိတ်ဖြစ်ခဲ့သည့် ကူမီတိုပါတီတို့ကြား သဘောထားကွဲလွဲခြင်းများဖြစ်ခဲ့ပြီးနောက် ဆောင်ရွက်ခြင်းဖြစ်သည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်  တာကာချီဆာနေးနှင့် ဖုန်းဖြင့်  ဆွေးနွေးခဲ့ပြီးနောက် မဟာမိတ်ဖွဲ့ရန်  သဘောတူခဲ့ကြောင်း ဂျပန်တီထွင်ဆန်းသစ်မှု  ပါတီခေါင်းဆောင် ယိုရှီမူရာဟီရို ဖူမီက ပြောကြားသည်။ ဂျပန်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် မဟာမိတ်ဖွဲ့၍  လက်တွဲဆောင်ရွက်ရန်  လစ်ဘရယ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်နှင့် မိမိကြားသဘောတူညီခဲ့ကြောင်း ၎င်းက ပြောကြား သည်။

အောက်တိုဘာ ၂၁ ရက်တွင် ဝန်ကြီးချုပ်သစ်ကို  ရွေးချယ်မည်ဖြစ်သည်။  လစ်ဘရယ်ဒီမိုကရက် တစ်ပါတီသည် ဒိုင်ယက်လွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်သောလည်း ကိုယ်စားလှယ်နေရာ အများအပြားကို ရရှိထားခြင်းမရှိကြောင်း သိရသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ