၁၇ ဇွန်

ဂျပန်နိုင်ငံက FC တိုကျိုအသင်းရဲ့ အလယ်တန်းကစားသမား ဆယ်ကျော်သက်အရွယ် တာကီဖူဆာကူဘို ကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကူဘိုကိုဟာ တနှစ်လျှင် ယူရို ၂ သန်းနဲ့ ၆ နှစ် ကစားသွားမည်လို့ လက်မှတ်ရေးထိုးပြီးကြောင်း ဂျပန်နဲ့ စပိန်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။ 

 

0011

 

ဘာစီလိုနားအားကစား လေ့ကျင့်ရေးကျောင်းကို မက်ဆီလိုဘဲ ကူဘိုဟာ အသက် ၁၀ နှစ်မှာ ရောက်ရှိခဲ့ပြီး ဖီဖာဟာ အသက်ငယ်တဲ့ အားကစားသမားတွေကို ခေါ်ယူတဲ့စည်းကမ်း ချိုးဖောက်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနား အားကစားလေ့ကျင်းရေးကျောင်းကနေ ကူဘို ထွက်ခွာခဲ့တာလို့ သိရပါတယ်။  

ကူဘိုဟာ မက်ဆီထက် နည်းနည်း အရပ်ရှည်တာကိုတွေ့ရပါတယ်။ သူဟာ ၅ ပေ ၈ လက်မ မြင့်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း FC တိုကျိုအသင်းမှာ ၁၃ ကြိမ်ကစားခဲ့ရာ ၄ ဂိုးသွင်းယူခဲ့ကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP