၁၁ ဖေဖော်ဝါရီ

 

ဂျပန်နာမည်ကြီး စာရေးဆရာ တိုင်ချီ ဆာကိုင်ယာသည် အစိုးရ အလုပ်တွင် အရေးပါသောရာထူးတာဝန်ကိုပါထမ်းဆောင်ခဲ့ပြီး အသက် ၈၃ နှစ်အရွယ်တွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးကာ ပြီးခဲ့သည့် သောကြာနေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

တိုင်ချီ ဆာကိုင်ယာသည် ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာ မြို့တွင် ၁၉၃၅ ခုနှစ်က မွေးဖွားခဲ့ပြီးဘောဂဗေဒ ဘာသာရပ်ဖြင့်  တိုကျိုတက္ကသိုလ် မှ ဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၆၀ ခုနှစ်တွင် ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

 

၎င်းသည် ၁၉၇၀ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲ အဖွဲ့အစည်း၌အရေးပါသောအခန်းကဏ္ဍတွင် လုပ်ဆောင်ခဲ့ပြီး အိုကီနာဝါ တွင် ၁၉၇၅ ခုနှစ် ကုန်စည်ပြပွဲ တာဝန်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။    

 

သူ၏ ပထမဆုံး ဝထ္ထုရှည်အမည်မှာ  ယုဒန်ဖြစ်ပြီး ရေနံအရေးအခင်းကာလကို သရုပ်ဖော်ထားသည်။အခြားဝထ္ထုတစ်ပုဒ်ဖြစ်သည့် စစ်ပြီးခေတ် လူငယ်မျိုးဆက်သစ်နာမည်ရ စာအုပ်ထုတ်ဝေခဲ့ရာယင်းစာအုပ်မှာ ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။

 

၁၉၇၈ ခုနှစ်တွင် အစိုးရအလုပ်မှ နှုတ်ထွက်ခဲ့ပြီး သမိုင်းကြောင်း ဝထ္ထုများ ရေးသားခဲ့ရာ ထိုဝထ္ထုများမှ အချို့ကို ရုပ်သံဇာတ်လမ်းတွဲများ အဖြစ် ရိုက်ကူးခဲ့ကြကြောင်း သိရသည်။ဆာကိုင်ယာသည် စီးပွားရေးစီမံကိန်းဌာန၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက် အစိုးရအဖွဲ့တွင် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။၎င်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက ဆေးရုံတင်ထားခဲ့ရသည် ဟုဖော်ပြထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို