တိုကျို      ဩဂုတ်    ၂၅

ဂျပန်နိုင်ငံ  အိုင်ချီစီရင်စု  တိုယိုအေ  ဒေသန္တရအစိုးရသည် ဒေသခံများအား စမတ်ဖုန်းနှင့် အခြား  အီလက်ထရောနစ်ကိရိယာများကို အားလပ်ချိန်တွင် နှစ်နာရီသာ သုံးစွဲခွင့်ပြုမည့်   စည်းမျဉ်း တစ်ရပ်ကို ဩဂုတ်၂၅ ရက်က  ဒေသန္တရလွှတ်တော်အစည်းအဝေးတွင် အဆိုပြုခဲ့ကြောင်း သိရသည်။

စမတ်ဖုန်း၊ တက်ဘလက်နှင့် အီလက်ထရောနစ် ကိရိယာများ အချိန်ကြာမြင့်စွာ  အသုံးပြုခြင်းသည် အိပ်ရေးပျက်ခြင်းနှင့်  အခြားကျန်းမာရေးပြဿနာများကို  ဖြစ်စေသည်သာမကဘဲ   မိသားစုအတွင်း  ဆက်ဆံရေးကို ထိခိုက်စေကာ  ကလေးများဖွံ့ဖြိုးရေးအတွက် ဟန့်တားနေကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

အသက် (၁၈)နှစ်အောက်  ကလေးများအား  ဖုန်းနှင့် အီလက်ထရောနစ် ကိရိယာများကို အားလပ်ချိန်တွင် နှစ်နာရီသာသုံးစွဲရန် သတ်မှတ်ထားသော်လည်း ၎င်းတားမြစ်ချက်သည်  လုပ်ငန်းခွင်နှင့် ပညာသင်ကြားရေးကဏ္ဍများတွင်  အကျုံးမဝင်ကြောင်း သိရသည်။ ဒေသခံများအား  အိပ်ချိန်အလုံ အလောက်ရရှိစေရေးနှင့် မိသားစုအတွင်း ဆက်ဆံရေးမြှင့်တင်ရန်အတွက် ၎င်းစည်းမျဉ်းကို အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု  တိုယိုအေမြို့တော်ဝန် ကိုကီ မာဆာ ဖူမီက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ