နိုဝင်ဘာ ၁၇
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အိုင်ဝါတီခရိုင်၏လူနေရပ်ကွက်ရှိ တည်သီးပင်ပေါ်တွင် ဝက်ဝံနှစ်ကောင်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။
အိုင်ဝါဇူမီမြို့ အိမ်တစ်အိမ်အနီးရှိ သစ်ပင်တစ်ပင်တွင် ဝက်ဝံနှစ်ကောင်ရှိနေကြောင်း လမ်းသွားလမ်းလာတစ်ဦး၏ဖုန်းခေါ်ဆိုမှုတစ်ခုကို ယနေ့အစောပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဝက်ဝံတို့သည် မနက် ၁၁ နာရီအထိ သစ်ပင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟု သိရသည်။
နေအိမ်များထိခိုက်နိုင်ခြင်းကြောင့် ဝက်ဝံများကို အမဲလိုက်ရိုင်ဖယ်များဖြင့် ပစ်ခတ်၍မရကြောင်း မြို့နယ်တာဝန်ရှိသူများက ပြောကြားသည်။
ရဲအရာရှိများသည် အနီးအနားရှိ ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းချုပ်ရန် ယင်းနေရာတွင် ရှိနေကြသည်။ မီးရှူးမီးပန်းများကို အသုံးပြု၍ မောင်းထုတ်ပါက ဝက်ဝံများသည် မြို့လယ်ခေါင်သို့ ထွက်ပြေးသွားနိုင်သည်။
ထိုနေရာသည် မူလတန်းကျောင်းတစ်ကျောင်းအနီးတွင်ရှိပြီး မြို့တော်ခန်းမ၏ အနောက်မြောက်ဘက် တစ်ကီလိုမီတာခန့်အကွာတွင် ရှိသည်ဟု သိရသည်။
ဝက်ဝံနှစ်ကောင်သည် လွန်ခဲ့သောသီတင်းပတ်က ထိုသစ်ပင်တွင် သုံးနာရီခန့်အချိန်ဖြုန်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် ကျောင်းသားများကို ကျောင်းသို့ လိုက်ပို့ပေးရန် စာသင်ကျောင်းက ပြောကြားထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


