တိုကျို အောက်တိုဘာ ၂၅
ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ဒေသခံများသည် ၎င်းတို့၏စိုက်ခင်းများမှ သီးနှံများခိုးယူခံရမှု မရှိစေရေးအတွက် ဒရုန်းယာဉ်များဖြင့် စောင့်ကြည့်သွားရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ စိုက်ခင်းများမှ သီးနှံများခိုးယူခံရခြင်းမှ ကာကွယ်ရေးအတွက် ယခုစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစီမံချက်အား အိုက်ချီစီရင်စုရှိ ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းနှင့် နာဂိုယာမြို့အနီးရှိ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။
၎င်းဒရုန်းယာဉ်သည် စတင်ပျံသန်းရာမှ ထွက်ခွာလာပြီးနောက် သတ်မှတ်ထားသည့် စိုက်ခင်းအား စောင့်ကြည့်ခြင်းလုပ်ငန်းကို မိနစ်အတန်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတွင် တပ်ဆင်ထားသည့် ကင်မရာမှတစ်ဆင့် အဆိုပါစိုက်ခင်းအတွင်း တောရိုင်းတိရစ္ဆာန်များနှင့် ငှက်များ ဝင်ရောက်ခိုးယူ စားသောက်ဖျက်ဆီးခြင်းတို့ကို စောင့်ကြည့်ကာ လုံခြုံရေး အချက်ပေးစနစ်မှတစ်ဆင့် တာဝန်ရှိသူများထံ သတင်းပေးပို့မည်ဖြစ်သည်။
၎င်းဒရုန်းယာဉ်အားအသုံးပြုခြင်းဖြင့် သီးနှံစိုက်ခင်းများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း လယ်သမားတစ်ဦးဖြစ်သည့် ကာတိုယိုရှီဟီယိုက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ