တိုကျို နိုဝင်ဘာ ၁၈
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာခရိုင်၌ နိုဝင်ဘာ ၁၈ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျပြီး လေယာဉ်ပေါ်ပါ လူ သုံးဦးလုံးသေဆုံးခဲ့သည်ဟု ဒေသမီဒီယာများတွင် ဖော်ပြထားသည်။
မီးသတ်ဌာနအရာရှိများက ဖူကူအိုကာခရိုင် ယာမာအီမြို့တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ ပြီး မီးခိုးလုံးများ ထွက်နေသည်ဆိုသည့် အရေးပေါ်ဖုန်းခေါ်ဆိုမှုကို ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လက်ခံရရှိခဲ့သည်ဟု အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြထားသည်။
အိုအီတာခရိုင်နယ်စပ်အနီး တောင်ကုန်းထူထပ်သောနေရာ၌ သေဆုံးသူသုံးဦးနှင့် လေယာဉ် ငယ်ဟု ယူဆရမည့်အရာတစ်ခုကို ရဲများနှင့် မီးသတ်သမားများက ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
လေယာဉ်သည် ဆာဂါလေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပြီး အိုဆာကာလေဆိပ်သို့ မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်တွင် ရောက်ရှိရန် စီစဉ်ခဲ့ကြောင်း မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ဆင်ဟွာ


