စက်တင်ဘာ ၂၄
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အကီတာခရိုင်တွင် ဝက်ဝံတိုက်ခိုက်ခံရသည် မတော်တဆမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
အိုဒါတီမြို့တွင် ယမန်နေ့မနက် ၅ နာရီ ၃၀ မိနစ်ခန့်က အသက် ၈၀ အရွယ်အမျိုးသမီးတစ်ဦးတည်း လမ်းလျှောက်လာနေစဉ် ဝက်ဝံတစ်ကောင်က သူမမျက်နှာကိုကုတ်ခြစ်ခဲ့သည်ဟု ရဲနှင့် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး အင်န်အိတ်ချ်အေသတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။
အဆိုပါအမျိုးသမီးသည် နှာခေါင်းရိုးကျိုးခြင်းအပါအဝင် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။
ထိုဝက်ဝံသည် တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားသည်ဟု သိရသည်။
ဂိုဂျိုမီမြို့တွင် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က စက်ဘီးစီးလာသောအသက် ၆၀ အရွယ် အမျိုးသားတစ်ဦးသည် ဝက်ဝံတစ်ကောင်နှင့်တိုက်မိပြီး လမ်းပေါ်ကို ခုန်ချခဲ့ရာ ပြုတ်ကျပြီး ညာဘက်ပခုံးကို ထိခိုက်မိကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
အရှည် ၅၀ စင်တီမီတာခန့်ရှိသည့် ဝက်ဝံသည် ထိုသို့တိုက်မိပြီးနောက် ၎င်းထွက်လာရာနေရာဆီသို့ ပြန်ပြေးသွားကြောင်း ထပ်လောင်းဖော်ပြထားသည်။
အကီတာခရိုင်တွင် ယခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်ခံရသည့်မတော်တဆမှု ၁၃ ခု စံချိန်တင်ဖြစ်ပွားခဲ့ရာ ခရိုင်အတွင်းရှိ အာရှဝက်ဝံနက်များ ဟန့်တားရေးသတိပေးချက်ထုတ်ပြန်ရန်တာဝန်ရှိသူများက တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


