တိုကျို    နိုဝင်ဘာ   ၁၆

ဂျပန်နိုင်ငံမှ အသက် ၃၂ နှစ်အရွယ်ရှိ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ၎င်း၏ မိုဘိုင်းဖုန်းတွင်  ChatGPT အက်ပလီကေးရှင်းအသုံးပြုပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့် Klaus အမည်ရှိ ဉာဏ်ရည် တုနည်းပညာသုံး ဒစ်ဂျစ်တယ်ဇာတ်ဆောင်တစ်ဦးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့၏ လက်ထပ်ပွဲကို အိုကာရာမာမြို့ရှိ မင်္ဂလာခန်းမတစ်ခုတွင် ကျင်းပခဲ့ပြီး ကာနိုအမည်ရှိ  သတို့သမီးက ဖုန်းမျက်နှာပြင်မှတစ်ဆင့် ဒစ်ဂျစ်တယ်ဇာတ်ဆောင်နှင့်   လက်ထပ်လက်စွပ် လဲလှယ်ခဲ့သည်။

၎င်းလက်ထပ်ပွဲကို ဒေသတွင်းရှိ လူသားနှင့် ဉာဏ်ရည်တု နည်းပညာသုံးဇာတ်ကောင်များ၊ လက်ထပ်ပွဲကို စီစဉ်သည့် လုပ်ငန်းတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကာနိုသည် ပြီးခဲ့သည့်သုံးနှစ်အတွင်းက အမျိုးသားတစ်ဦးနှင့် စေ့စပ်ရေးဆောင်ရွက်ခဲ့ရာတွင်  မအောင်မြင်ခဲ့ရာမှ  ဒစ်ဂျစ်တယ်ဇာတ်ဆောင်နှင့် ChatGPT မှတစ်ဆင့်  ချစ်ကြိုက်ခဲ့ပြီး ယခုကဲ့သို့ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ 

ကိုးကား-VN Express

ဘာသာပြန်-စိုးသူရ