တိုကျို ဩဂုတ် ၂၀
ဂျပန်နိုင်ငံ ယိုကိုဟားမားတွင် အာဖရိက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံတစ်ရပ်ကို ဩဂုတ် ၂၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းညီလာခံမှတစ်ဆင့် အာဖရိကနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးကို မြှင့်တင်ရန်အခွင့်အလမ်းအဖြစ် အသုံးချမည်ဟု ဝန်ကြီးချုပ် အီရှီဘာက ပြောကြားခဲ့သည်။
အာဖရိကနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်နေရသောစိန်ခေါ်မှုများအပေါ် ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားသည်။
ဉာဏ်ရည်တုနည်းပညာနှင့် အခြားသောနယ်ပယ်များတွင် အာဖရိကနိုင်ငံများရှိ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးရန် ဂျပန်နိုင်ငံမှ ကူညီပေးမည့်အစီအစဉ်ကို ၎င်းက အဆိုပြုခဲ့သည်။
အာဖရိကဒေသ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံတွင် ဂျပန်အစိုးရနှင့် အာဖရိကနိုင်ငံများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းများအကြား နားလည်မှုစာချွှန်လွှာ သုံးရာကျော်ကို လက်မှတ်ရေးထိုးမည်ဟု သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


