နိုဝင်ဘာ ၁၈

ဂျပန်နိုင်ငံ၌ အောက်တိုဘာလအတွင်း ဝက်ဝံများ၏တိုက်ခိုက်ခံရသူ ၈၈ ဦး စံချိန်တင်ရှိခဲ့ပြီး ၎င်းတို့အနက် ခုနစ်ဦး သေဆုံးခဲ့ကြောင်း၊ ယင်းကိန်းဂဏန်းနှစ်ခုစလုံးသည် တစ်လတာအတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ကြောင်း ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ယမန်နေ့ကပြောကြားခဲ့သည်။

အောက်တိုဘာလအထိ ခုနစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူဦးရေ ၁၉၆ ဦး ရှိရာ လွန်ခဲ့သောငါးနှစ်တာကာလအတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 အာကီတာခရိုင်တွင် ဧပြီလမှ အောက်တိုဘာလအတွင်း ထိခိုက်သေဆုံးသူဦးရေ ၅၆ ဦးရှိကာ အများဆုံးဖြစ်ပြီး အီဝါတီခရိုင်တွင် ၃၄ ဦးနှင့် ဖူကူရှီးမားခရိုင်တွင် ၂၀ ဦး ရှိကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမြောက်ပိုင်း အာကီတာတွင် အောက်တိုဘာလတစ်လတည်းမှာပင် ဝက်ဝံတိုက်ခိုက်မှု ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့သည်။

နိုင်ငံတစ်ဝန်း ကျွမ်းကျင်သော အမဲလိုက်သမားများ ရှားပါးမှုကြားတွင် ရဲအရာရှိများသည် ဝက်ဝံများကို သတ်ရန် ရိုင်ဖယ်များကို အသုံးပြုခွင့်ပြုသည့် ပြင်ဆင်ထားသော စည်းမျဉ်းများကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့တွင် အသက်ဝင်စေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို