အိုဆာကာ အောက်တိုဘာ ၁၄
ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့၌ ကျင်းပသော ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲသို့ လာရောက်သည့် ဧည့်သည်အရေအတွက်သည် ၂၅ ဒသမ ၅၇ သန်း ကျော်လွန်လာပြီဖြစ်ကြောင်း သိရသည်။
တရားဝင်ပွဲကြည့်ခွင့်အသိအမှတ်ပြုကတ် ကိုင်ဆောင်ထားသူအပါအဝင်ပွဲသို့ လာရောက်လည်ပတ်သူဦးရေ ၂၉၀၁၇၉၂၄ ဦးရှိကြောင်း ပြပွဲပိတ်ပြီး တစ်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင် ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲဆိုင်ရာ ဂျပန်အသင်းက ပြောကြားခဲ့သည်။ ယခု တစ်ကြိမ်ကျင်းပသော ကမ္ဘာ့ကုန်စည်ပြပွဲသို့ လာရောက်လည်ပတ်သူဦးရေ စုစုပေါင်းသည် ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ချီမြို့တွင် ကျင်းပသော ၂၀၀၅ ကုန်စည်ပြပွဲနှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပသော ဒူဘိုင်းကုန်စည်ပြပွဲထက် ပိုများကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


