အောက်တိုဘာ ၂၁
ဂျပန်နိုင်ငံမြောက်ပိုင်း အကီတာခရိုင် ယုဇာဝါ မြို့၌ ယနေ့ နံနက်ပိုင်းက ဝက်ဝံတိုက်ခိုက်မှုအတွင်း လူလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်သည် မြို့လယ်ရှိ ဟိုတယ်ယာဉ်ရပ်နားကွင်းနှင့် အခြားနေရာများတွင် နံနက် ၅ နာရီမှ ညနေ ၆ နာရီ ၃၀ မိနစ်အတွင်း လူလေးဦး အကိုက်ခံရခြင်း သို့မဟုတ် ကုတ်ခြစ်ခြင်းခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ဝက်ဝံတစ်ကောင်သည် ထိခိုက်ဒဏ်ရာရသူများအနက် တစ်ဦး၏နေအိမ်အတွင်း၌ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ရှိနေဆဲဖြစ်ပြီး ရဲများနှင့် အခြားသူများသည် ဝက်ဝံကိုဖမ်းဆီးရန်အတွက် အိမ်အနီးတွင် ထောင်ချောက်တစ်ခု တပ်ဆင်ထားပြီး သတိဖြင့်နေထိုင်လျက်ရှိသည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုအားလုံးသည် ဂျေအာယုဇာဝါ ဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ယမန်နေ့ကအထိ ထိုခရိုင်တွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။
ဝက်ဝံတိုက်ခိုက်မှုများသည် ထိုခရိုင်ရှိ အခြားမြို့များတွင် ယနေ့တွင် ဖြစ်ပွားခဲ့သည်။ ယုရိဟွန်ဂျိုမြို့ တွင် အသက် ၈၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး ယိုကိုတီမြို့ရှိ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရရှိကာ တိုယာမာခရိုင် တာတီယာမာမြို့တွင် အသက် ၈၀အရွယ် အမျိုးသမီးတစ်ဦး ဝက်ဝံ၏ ကုတ်ခြစ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


