အောက်တိုဘာ ၂၈

ဂျပန်နိုင်ငံ၌ ဧပြီလတွင် စတင်ခဲ့သော ယခုဘဏ္ဍာရေးနှစ် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းသို့သေဆုံးမှုသည် စံချိန်တင် အမြင့်မားဆုံးဖြစ်သည်ဟု သိရသည်။

နောက်ဆုံးဖြစ်ရပ်ဖြစ်သော အာကီတာစီရင်စုရှိ ရွာတစ်ရွာတွင် အောက်တိုဘာ ၂၄ ရက်နေ့က ဝက်ဝံတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ယခုလအတွင်း  ၇၈ ဦးထက်မနည်း ဝက်ဝံတိုက်ခိုက်မှုခံခဲ့ရသည်။ အဆိုပါဝက်ဝံတိုက်ခိုက်ခံရမှုအရေအတွက်သည်  ၂၀၂၃ ခုနှစ် အောက်တိုဘာလက မှတ်တမ်းတင်ထားသော ဝက်ဝံတိုက်ခိုက်ခံရသူ ၇၃ ဦးထက် ကျော်လွန်ခဲ့သည်။

အာကီတာခရိုင်တွင် ဝက်ဝံတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီး ၃၅ ဦးရှိကြောင်းနှင့် အီဝါတေးခရိုင်တွင် ၁၀ ဦးနှင့် ဖူကူရှီးမားခရိုင်တွင် ရှစ်ဦး ရှိကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို