အောက်တိုဘာ ၁
ဂျပန်နိုင်ငံတွင် ယခုရာသီအတွင်း အပူဒဏ်ကြောင့် ဆေးရုံအသီးသီးသို့ပို့ဆောင်ပေးရသူဦးရေ ၁၀၀၀၀၀ ကျော်ရှိလာကြောင်း မီးသတ်နှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားသည်။ အပူဒဏ်ကြောင့် ဆေးရုံသို့ပို့ဆောင်ပေးရသူဦးရေ တစ်သိန်းကျော်ရှိလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် မေလမှ စက်တင်ဘာ ၂၈ ရက်နေ့အထိ အပူဒဏ်ကြောင့် လူပေါင်း ၁၀၀၁၄၃ ဦးကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုအေဂျင်စီက ယမန်နေ့က ထုတ်ပြန်သည့် ပဏာမအချက်အလက်များအရ သိရသည်။
လွန်ခဲ့သောနှစ်က ၉၇၅၇၈ ဦးရှိပြီး ယခုနှစ်တွင် တစ်သိန်းကျော်အထိရှိလာခဲ့ရာ ထိုကိန်းဂဏန်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခုနှစ်အတွင်း သေဆုံးသူစုစုပေါင်း ၁၁၆ ဦးရှိပြီး ဆေးရုံတက်ရန် လိုအပ်သည့် လက္ခဏာများရှိသူ ၃၆၄၄၈ ဦး ရှိကြောင်းနှင့် အသက် ၆၅ နှစ်နှင့်အထက်ရှိသော သက်ကြီးရွယ်အိုများသည် ၅၇၂၃၅ ဦး သို့မဟုတ် စုစုပေါင်း၏ ထက်ဝက်ကျော်ရှိကြောင်း သိရသည်။
တိုကျိုတွင် ၉၃၀၉ ဦး၊ အိုဆာကာတွင် ၇၁၇၅ ဦး၊ အီချီတွင် ၆၆၃၀ ဦး ရှိကြောင်းနှင့် ဟော့ကိုင်းဒိုးမြောက်ပိုင်းတွင် ၂၇၁၈ ရှိရာ ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


