တိုကျို စက်တင်ဘာ ၂၂

 

ဂျပန်နိုင်ငံ၏ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရွေးကောက်တင် မြှောက်ပွဲကို တရားဝင်စတင်လိုက်ပြီဖြစ်သည်။

 

ဝန်ကြီးချုပ်အီရှီဘာရှီဂဲရုနေရာတွင်  ဆက်ခံနိုင်ရန်  မျှော်လင့်ချက်ဖြင့် စက်တင်ဘာ ၂၂ ရက်က လွှတ်တော်အမတ်ငါးဦးသည် ၎င်းတို့၏  ပြိုင်ပွဲဝင်လျှောက်လွှာများကို တင်သွင်းခဲ့သည်။

 

ရာထူးမှ တရားဝင်နုတ်ထွက်ရန် ၎င်း၏ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် အီရှီဘာသည်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲကို အစပျိုးပေးခဲ့ခြင်းဖြစ်သည်။

 

အီရှီဘာသည် ရွေးကောက်ပွဲဆက်တိုက်ရှုံးနိမ့်မှုအတွက် တာဝန်ယူရန် တောင်းဆိုမှုမြင့်တက်လာ ခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

 

လစ်ဘရစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်နေရာအတွက်   ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သူများမှာ  စီးပွားရေးလုံခြုံရေးဝန်ကြီးဟောင်းကိုဘာယာရှီတာကာယူကီ၊ ပါတီအတွင်းရေးမှူးချုပ် ဟောင်း မိုတီဂီတိုရှီမစ်ဆု၊ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟာယာရှီယိုရှီမာဆာ၊  စီးပွားရေးလုံခြုံရေး ဝန်ကြီးဟောင်းတာကိုင်ချီဆာနဲနှင့်  စိုက်ပျိုးရေးဝန်ကြီးကိုအိဇုမိရှင်ဂျီရိုတို့ဖြစ်သည်။

 

ပြိုင်ပွဲဝင်     ကိုယ်စားလှယ်လောင်းများသည် မဲအရေအတွက် ၅၉၀ အတွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းအနက်  လစ်ဘရယ်ဒီမိုကရက်တစ်လွှတ်တော်အဖွဲ့ဝင်များက မဲအရေအတွက် ၂၉၅ မဲပေးသွားမည်ဖြစ်သည်။ ကျန်ရှိနေသည့်မဲများကို ဒေသန္တရနိုင်ငံရေးပါတီများက ပေးသွားမည် ဖြစ်သည်။

 

မည်သူမျှ မဲအရေအတွက် ထက်ဝက်ကျော်ခန့်မရပါက   မဲအများဆုံးနှင့်   ထိပ်ဆုံးရရှိထားသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား ပြိုင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်မျိုးတွင် မဲအရေအတွက် ၃၄၂ မဲရရှိထားသည့်သူက ပါတီခေါင်းဆောင်လုပ်ရန် ကမ်းလှမ်းခံရမည်ဖြစ်သည်။

 

လစ်ဘရယ်ဒီမိုကရက်တစ် အမတ်များက မဲအရေအတွက် ၂၉၅ မဲဖြင့် အများဆုံးမဲပေးနိုင်သည်။   ဒေသန္တရနိုင်ငံရေးပါတီများက အခြားနောက်ထပ်မဲအရေအတွက် ၄၇ မဲပေးနိုင်သည်။

 

ပါတီခေါင်းဆောင်ဖြစ်လာခြင်းသည် ဝန်ကြီးချုပ်ဖြစ်လာရန်  အာမမခံနိုင်ပါ။  ဝန်ကြီးချုပ်ဖြစ်ရန် အထက်လွှတ်တော်နှင့်   အောက်လွှတ်တော်တို့က ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏မိတ်ဖက်ကိုမီတိုပါတီတို့သည် ပြီးခဲ့သည့်အမျိုးသားရွေးကောက်ပွဲ နှစ်ခုစလုံးတွင် အများစုရှုံးနိမ့်ခဲ့သည်။   

 

ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုများသည်  ၁၂ ရက်ကြာမည်ဖြစ်ပြီး   အမတ်လောင်းများ   စကား စစ်ထိုးပွဲတွင်ပါဝင်ရမည်ဖြစ်သည်။   ထို့ပြင် တိုကျို၊နာဂိုရာနှင့် အိုဆာကာတို့တွင်   ပါတီကဦးဆောင် ပြုလုပ်သည့်  ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုများတွင်    မိန့်ခွန်းပြောရန်လည်း  စီစဉ်ရမည် ဖြစ်သည်။ အောက်တိုဘာ ၄ ရက်တွင် မဲရေတွက်မှုကို စတင်မည်ဖြစ်သည်။

 

အကြီးဆုံးအတိုက်အခံအုပ်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဂျပန်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် နိုဒါယိုရှီဟီကိုက  လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်မှုဆိုင်ရာ  ကိုယ်စားလှယ်လောင်း များ၏  မူဝါဒများနှင့်       သဘောထားမှတ်ချက်များတွင်  အတိုက်အခံပါတီများ၏ သဘောထားနှင့် အမြင်များကို  ထည့်သွင်းစဉ်းစားသင့်သည်ဟု  ပြောကြားလိုက်သည်။                                    

 

အင်န်အိတ်ချ်ကေ