တိုကျို အောက်တိုဘာ ၁၀
ဂျပန်နိုင်ငံ၌ အလုပ်သမားရှားပါးမှုပြဿနာ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရရာ နိုင်ငံခြားမှ အလုပ်သမား ဦးရေကို ပိုမိုလက်ခံလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံ၌ နေထိုင်နေသည့် နိုင်ငံခြားသား ဦးရေ ၃ ဒသမ ၉၅ သန်းအထိစံချိန်တင် ရောက်ရှိလာကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် အစိုးရအချက် အလက်များအရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးအေဂျင်စီမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇွန်လကုန်အထိ ဂျပန်နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံခြားသားဦးရေ ၃၉၅၆၆၁၉ ဦးရှိပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကနှင့် နှိုင်းယှဉ်လျှင် ၅ ဒသမ ၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။
နေထိုင်ခွင့် အဆင့်အတန်း အလိုက်ကြည့်သော် အမြဲတမ်းနေထိုင်သူအုပ်စုမှာ အကြီးဆုံးဖြစ်ပြီး ၉၃၂၀၉၀ ဖြစ်သည်။ ယင်းနောက်တွင် အင်ဂျင်နီယာများ၊ ဝန်ဆောင်မှု ကျွမ်းကျင်သူများ၊ ဘာသာစကား ကျွမ်းကျင်သူများ စသည်ဖြင့် ဗီဇာအဆင့်အမျိုးအစား အလိုက် ၄၅၈၁၀၉ ဦးရှိကာ ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။
လက်ရှိနှုန်းထား အတိုင်း ဆက်သွားပါက ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံခြားသားနေထိုင်သူ ဦးရေမှာ ၄ ဒသမ ၁၅ သန်း ရှိလာ မည်ဟု လူဝင်မှုကြီးကြပ်ရေး အေဂျင်စီကပြောသည်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ၂၁ ဒသမ ၃သန်းရှိပြီး ယခင်နှစ်က ထက် ၂၁ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
ဆင်ဟွာ


