အေသင် ဒီဇင်ဘာ ၇
ဂရိနိုင်ငံတောင်ပိုင်း ခရီတေးကမ်းရိုးတန်း၌ ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားသဖြင့် ၁၈ ဦးထက်မနည်း သေဆုံးကြောင်း ဂရိပြည်သူ့အသံလွှင့် ဌာန အီးအာတီက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါရေယာဉ်မှာ ကျွန်း၏တောင်ဘက် လီရာပီထရာမြို့၏ တောင်ဘက် ရေမိုင် ၂၆ မိုင်ခန့်တွင် တိမ်းမှောက်သွားကြောင်း၊ ဟယ်လီနစ်ကမ်းခြေစောင့်တပ်ဖွဲ့က အသက်ရှင်သူနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ပင်လယ်ပြင်၌ ကင်းလှည့်ရေယာဉ်ဖြင့် သေဆုံးသူများကို ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လှေတိမ်းမှောက်ရသည့် အကြောင်းရင်းများကို မသိရှိရသေးသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
ဆင်ဟွာ


