GTI (နေပြည်တော်)တွင် ၇၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်း၌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တွင် ကျင်းပသည့် ၇၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု (ဆောင်းရာသီ) အားကစားပြိုင်ပွဲ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အချင်းပြည့်ဝသော နည်းပညာရှင်များအား မွေးထုတ်ရာတွင် သင်တန်းသား မောင်/မယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးသည်လည်း အရေးပါကြောင်း၊ ယင်းတို့သည် ကျန်းမာသုခနှင့် ပြည့်စုံမှသာ နည်းပညာစွမ်း ပကားများဖြင့် MSME လုပ်ငန်းများအား အောင်မြင်ဖြစ်ထွန်းစေကာ ဒေသထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေပြီး ပြည်သူများအား ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းတွင်း ပြိုင်ပွဲများတွင် ထူးချွန်သည့် ကျောင်းသားများကို ဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှသည် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာသည်အထိ စနစ်တကျ မြှင့်တင်ပျိုးထောင်သွားရန်၊ ကျောင်းသားများ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေရန်အတွက် ကာယလှုပ်ရှားမှုနှင့် အားကစားပွဲများကို ရာသီဥတုနှင့်ကိုက်ညီစွာ ပုံမှန်ကျင်းပဆောင်ရွက်သွားရန် တာဝန်ရှိသူများကို တိုက်တွန်းမှာ ကြားသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ စီမံဌာနမှူး ဦးရဲမြင့်နိုင်က အမျိုးသမီး နှစ်ယောက်တွဲ ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယ ကျောင်းအုပ်ကြီး ဦးဩဩကျော်က အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူ များကိုလည်းကောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းက စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုချီးမြှင့်ခဲ့ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်း  ပြိုင်ပွဲတွင် ပထမဆုရရှိသော စက်မှု အင်ဂျင်နီယာဌာနဌာန၊ ဒုတိယဆုရရှိခဲ့သော သုတနည်းပညာဌာန၊ တတိယဆုရရှိခဲ့သော မြို့ပြ အင်ဂျင်နီယာဌာနများမှ ကိုယ်စားပြု အသင်းသားများကိုလည်းကောင်း၊ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ ဒုတိယဆုရရှိခဲ့သော စက်မှု အင်ဂျင်နီယာဌာန၊ တတိယဆုရရှိခဲ့သော မြို့ပြအင်ဂျင်နီယာဌာနတို့မှ ကိုယ်စားပြုအသင်းသား များကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်မှာကြားခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်