ဂါဇာစီးတီး စက်တင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်နေချိန်တွင် ဟားမတ်စ်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံများ၏ ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဟားမတ်စ်က အစ္စရေး၏ လှုပ်ရှားမှုကိုဆန့်ကျင်သည့် အနေဖြင့် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သည်။
အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင် မြောက်ဘက်ရှိ ဂါဇာစီးတီးမြို့ကို သိမ်းပိုက်ရန် ရည်ရွယ်ပြီး စစ်ဆင်ရေးများကို မြှင့်တင်လျက်ရှိကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဥမင်လိုဏ်ခေါင်းများနှင့် စနိုက်ပါတိုင်များအပါအဝင် ဟားမတ်စ်၏ အခြေခံအဆောက်အအုံ အများအပြားကို ဖြိုချခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဓားစာခံ ၄၀ ကျော်၏ မျက်နှာများကို ဟားမတ်စ်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အစ္စရေးက ဂါဇာစီးတီး မြို့တော်အတွင်း နေထိုင်သူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တောင်းဆိုလျက်ရှိရာ ပြည်သူများက တောင်ဘက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
သို့သော် အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ လူသားချင်းစာနာထောက်ထားမှုဇုန်တွင်လည်း ရေ၊ စားနပ် ရိက္ခာနှင့် ယာယီအိမ်ရာများကဲ့သို့သော အခြေခံလိုအပ်ချက်များ ပြတ်တောက်နေကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်လျက်ရှိခြင်းမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားသည်။ အစ္စရေး၏ စစ်ဆင်ရေးကိုရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်းအား ၎င်းတို့က တောင်းဆိုလျက်ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


