ဂါဇာစီးတီး   စက်တင်ဘာ   ၂၈

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် မည်သည့်အဆိုပြုချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ဟားမတ်စ်အဖွဲ့က ယနေ့ ပြောကြားခဲ့သည်။ 

ကာတာမြို့တော် ဒိုဟာတွင် ဟားမတ်စ်အဖွဲ့ဝင်များအား   လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့်   စက်တင်ဘာ ၉ ရက်မှ စပြီး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း ဟားမတ်စ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်စစ်ပွဲအဆုံးသတ်ရန် အချက် ၂၁ ချက်ပါ၀င်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်အသစ်နှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများက သတင်းဖော်ပြချိန်တွင် ယခုကဲ့သို့ ဟားမတ်စ်၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပြုချက်အသစ်တွင် ဟားမတ်စ်အနေဖြင့် ဓားစာခံအားလုံးကို ၄၈ နာရီအတွင်း လွှဲပြောင်းပေးအပ်ရန်နှင့် ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်းဆုတ်ခွာရေးတို့ပါဝင်ကြောင်း ကြားဝင်စေ့စပ်သည့်နိုင်ငံများက ပြောကြား သည်။

အစ္စရေးက ရာနှင့်ချီသော ပါလက်စတိုင်းလုံခြုံရေးအကျဉ်းသားများအား လွှတ်ပေးပြီး ဂါဇာကမ်းမြောင်သို့ အကူအညီများ ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကာ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်ရန် ပါလက်စတိုင်း ယာယီအစိုးရကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပါရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်