စက်တင်ဘာ ၁၁
ဟားမတ်စ်ခေါင်းဆောင်များ သို့မဟုတ် အစ္စရေးက ရန်သူများအဖြစ် သတ်မှတ်ထားသော အခြားအုပ်စုများကို လက်ခံသောနိုင်ငံများသည် ထိုအဖွဲ့များကိုတုံ့ပြန်ရန် ပျက်ကွက်ပါက ပစ်မှတ်များဖြစ်လာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့က သတိပေးပြောကြားကြောင်း သိရသည်။
ကာတာနိုင်ငံနှင့် အကြမ်းဖက်သမားများရှိရာ နိုင်ငံများအားလုံးအနေဖြင့် ၎င်းတို့ကိုနှင်ထုတ်ရန် သို့မဟုတ် တရားမျှတမှုပေးရန် ထိုသို့မဟုတ်ပါက ၎င်းတို့ပြုလုပ်မည်ဖြစ်ကြောင်း နေတန်ယာဟုက ဗွီဒီယိုတစ်ခုတွင် ပြောကြားသည်။
ဝါရှင်တန်ကတင်ပြသည့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်အသစ်ကို ၎င်း၏ကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးနေချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဟားမတ်စ်က စက်တင်ဘာ ၉ရက်က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့၏ပြောကြားချက်အရ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း အခြားခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်ရန် ဖိအားပေးခဲ့ပြီး ၎င်း၏လေတပ်သည် ပြီးခဲ့သော သီတင်းပတ်ကတည်းက ဂါဇာစီးတီးရှိ နေရာ ၃၆၀ ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နေ့က လူ ၄၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစပြီး သေဆုံးသူဦးရေစုစုပေါင်း ၆၄၆၅၆ ဦးအထိ ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ပြောကြားပြီး အစ္စရေး၏ ဆက်လက်ထိုးစစ်ဆင်မှုသည် ဂါဇာကမ်းမြောင်ဒေသ အများအပြားကို အပျက်အစီးဖြစ်စေပြီး အငတ်ဘေးဖြစ်စေကြောင်း မှတ်ချက်ပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


